ဒုန်းဒုန်း ဒက်ဒက် ပုံးလုံး ပက်လဲ့....။
စစ်
ဘ၀ဆိုတာ တိုက်ပွဲ
တိုက်ပွဲမရှိတဲ့ ဘ၀ဟာ
သေတာနဲ့ ဘာမှ မခြားဘူးလို့  အဆိုရှိတယ်.....၊။
ကြုံလာသမျှ လောကဓံကို
ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်းဟာ
ဘ၀ရဲ့စစ်မှန်တဲ့ အောင်ပွဲ ပါ။
ပြီးခဲတာတွေ တွေးပြီးသောက ဖြစ်နေမယ့်အစား
အနာဂါတ်အတွက် ဘယ်လိုဆောင်ရွက်သင့်တယ်
ဆိုတာကိုသာ စီမံကိန်းချပြီး ဇွဲနဲ့ ဆောင်ရွက်ရမယ်။ ။
ကြောက်စိတ်ကို တာဝန်သိစိတ်နဲ့  ကျော်လွှားရမယ်တဲ့
ကြုံလာတော့လည်း ဘာတက်နိုင်မှာတုန်း ကြံကြံခံရုံပဲပေါ့ ။ ။
လူတစ်စု ပူမှုရယ်တဲ့ ဆယ်ကုဋေပေါ့။
သူများပြောတိုင်း နင်မပြောနဲ့ 
ပြောသည်အခါ ဆင်ခြင်တရား
လွန်စွာထား၍ ပီယဝါစာ
အစဉ်ပါမည် နင်လေသတိထား။ ။ဗုဒ္ဓစကား နေ့ စဉ်ကြားက
စိတ်ထားမွန်မြတ် သိမြင်တက်၏။
ဗုဒ္ဓပွင့်ရာ ဤနေရာမှာ
သေရာလွတ်ကြောင်း ကုသိုလ်ကောင်းကို
ကာလယူကာ ပြုခဲ့ပြီး။ ။
ဗုဒ္ဓပွင့်ရာ ဤနေရာမှာ
သူတော်စိတ်ဓါတ် အကျင့်မြတ်ကို
ငါလေဆောက်တည်ခဲ့ပြီ။ ။
ဗုဒ္ဓပွင့်ရာ ဤနေရာမှာ
ရုပ်နာမ်တရား ခါခါပွား၍
ချမ်းသာရာမှန်း မဂ်,ဖိုလ်,လမ်းသို့ 
ငါလျှောက်လှမ်းခဲပြီးတကား။ ။
ဗုဒ္ဓပွင့်ရာ ဤ နေရာမှာ (ဖွား,ပွင့်,ဟော,စံ)
ထွန်းလင်းသာသနာ ဤချိန်မှာကား
သေရာလွတ်ကြောင်း ကုသိုလ်ကောင်းကို
စုပေါင်းရွှင်ပြ ပြုလုပ်မှသာ
ဗောဓိနိဗ္ဗာန်ရောက်မည်တည်း။ ။
အရင်လူတွေက စွန့် ပြိးမစားခဲဘူး
အခုလူတွေက မစွန့် ဘဲ စားကြတယ်။ ။
No comments:
Post a Comment