မူလစာမျက်နှာ

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

Sunday 28 August 2011

ပညာရှင်တို့ ၏မှတ်တမ်း

သေရာသို့ သွားနေခြင်းသည် ထာဝရအလုပ်
စားဝတ်နေရေး ဆောင်ရွက်ခြင်းသည် ရာယီအလုပ်။(မိုးကုတ်ဆရာတော်)

တရားဓမ္မကိုကောင်းစွာဟောပြအပ်ပြီ  ဆင်းရဲခြင်းကိုအဆုံးသပ်ဖို့ 
အကျင့်မြတ်ကိုမှန်ကန်စွာကျင့်သုံးကြ။(ဗုဒ္ဓ)

သေတာကိုမြတ်စွာဘုရားရှင်သည် မတားနိုင်ဘူး 
နောက်ထပ်မဖြစ်ဖို့ ပဲ လမ်းပြနိုင်တယ်။(မစိုးရိမ်ဆရာတော်)

ကျွန်တော်အကူညီပေးခဲတဲ့ အရေးပါဆုံးအတွေးတစ်ခုကတော့
ကျွန်တော်ဘယ်တော့သေမလည်းဆို တဲ့ အတွေးမဟုတ်ပါဘူး၊
ကျွန်တော်မသေခင်မှာ ဘာတွေကို အကောင်းဆုံးဖြစ်အောင် 
လုပ်သွားနိုင်မလည်းဆိုတဲ့ အတွေးပါဘဲ။(ဂျော့ဝါရှင်တန်ကာဗာစ်)

ရှေ့ သို့ 
အကျင်သူသည်ထိုင်နေငြားအံ့ ထိုသူ၏ဘုန်းသည်လည်းထိုင်နေ၏။
အကျင်သူသည်ထရပ်ငြားအံ့ ထိုသူ၏ဘုန်းသည်လည်းထရပ်လေတော့၏။

အကျင်သူသည်အိပ်နေငြားအံ့ 
ထိုသူ၏ဘုန်းသည်လည်းအိပ်နေလေတော့၏
အကျင်သူသည်ထသွားငြားအံ့ 
ထိုသူ၏ဘုန်းသည်လည်း တောက်ပတိုးတက် အသက်ဝင်လေတော့သည်။
ထိုကြောင့် ရှေ့သို့ မှန်မှန်ချီပါလေ။(ဦးဆန်းထွန်း၊မန်းတက္ကသိုလ်)

အဝေနေကြည်ညိုဖို့ ထက် အနီးနေကြည်ညိုဖိုခတ်။
အနီးနေကြည်ညိုဖို့ ထက်  ကိုယ့်ကိုယ်ကိုကြည်ညိုဖို့ ခတ်။

မပျက်စီးသင့်ပဲပျက်စိးတာ စည်းကမ်းမရှိလို့ ပါ။
ပျက်စီးသင့်လို့ ပျက်စီးတာ သဘာဝတရားပါ။
အချိန်တန်လို့ ပျက်စီးတာ ကုန်ဆုံးချိန်ကြလို့ ပါ။

Saturday 27 August 2011

နှစ်ကျိပ်ရှစ်ဆူ ဘုရား။ ။

နှစ်ကျိပ်ရှစ်ဆူ ဘုရား။ ။
ဂေါတမ ဘုရားလောင်း ဗျာဒိတ် ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။

(၁) တဏှင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တသိန်း နေတော်မူ၏။
(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တသိန်း။
(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တသိန်း။
(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၈) ရေဝတဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁ဝ) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ဖောက်ကြံ့ပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ဝါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၇) အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တသိန်း။
(၂ဝ) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တသိန်း။
(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၂၂) ဝိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။
(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။
(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။
(၂၈) ဂေါတမမြတ်စွာဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊
သက်တော် ရှစ်ဆယ် နေတော်မူသည်။ ၄င်း အကျယ်ကို ဗုဒ္ဓဝံသ။ ပါ။ ၃၈၁။ဋ္ဌ။ ၃၄၈၊
အပဒါန်။ ဋ္ဌ။ ပ-အုပ်။ ၅၄။ စရိယာပိဋက ။ဋ္ဌ။ ၁၄-တို့၌ ရှုပါလေ။

ဗောဓိ ညောင်ပင် သမိုင်း


သီဝနတ်ဘုရားကို ကိုးကွယ်သည့် ဘင်္ဂလားပြည် အလည်ပိုင်း ကို အုပ်စိုးသည့် သာသင်္ကမင်း က ခရစ်နှစ် ၆ ရာစုခန့်က ဗောဓိပင်ကို ခုတ်ဖြတ်တူးဖော်ပစ်ပြီး
ထောပတ်များလောင်းထည့်ကာ မီးရှို့ဖျက်ဆီးခဲ့တာပါ  ဤအကြောင်းအရာကို ကြားသိပြီး မဂဓတိုင်းပြည့်ရှင် ဘုရင်ပူရာဏမာဗာ ကထပ်မံစိုက်ပျိုးခဲ့ပါတယ် တဖန် သာသင်္ကမင်း ကထိုဗောဓိပင်ကို ထပ်မံဖျက်ဆီးပြီး ဤနေရာ၌ ဗောဓိပင် မစိုက်ရဟု အမိန့်ထုတ်ခဲ့ပါတယ်
ဘုရင် ပူရာဏမာဗာ ကလည်း ဒုတိယအကြိမ် ထပ်မံစိုက်ပျိုးပါတယ် အံ့ဖွယ်ကောင်းလောက်အောင် ထိုဗောဓိပင် ဟာ တညတည်း ၁၀ ပေခန့်
ကြီးမြင့်လာခဲ့တာပါ ထိုဗောဓိပင် ကိုလည်း သာသင်္ကမင်းက ၃ ကြိမ်မြောက် အကြွင်းမရ ခုတ်ဖြတ်ဖျက်ဆီးပြီး ၂၄ ပေခန့်မြင့်တဲ့ ကျောက်လက်ရန်း
ကြီးကို ကာရန်ထားခဲ့ပါတယ် ပူရာဏမာဗာ ကလည်းနွားနို့ဖြင့် သွန်းလောင်းပြီး တတိယ အကြိမ်မြောက်စိုက်ပျိုးခဲ့ပါတယ်
( ကျောစာဝန် "ကာနင်ဂန်" ကမူ ထိုကျောက်လက်ရန်း ကြီးကို ဗောဓိပင်ကို ရန်သူတို့ မဖျက်ဆီးနိုင်ရန် ဘုရင်ပူရာဏမာဗာ ကပဲ ပြုလုပ်ခဲ့တယ်လို့
ဆိုပါတယ်)
(သာသင်္ကမင်း ဟာ ဗောဓိပင်ကို တူးဖော်စဉ်က အမြစ်အဆုံးကို ရှာမတွေနိုင်ခဲ့ဟုလည်း ဆိုထားပါသေးတယ်။)
 ခရစ်နှစ် ၁၈၁၁ ခုက ဘူချန်ဟန်မီတန် အမည်ရှိ အင်္ဂလိပ်ပညာရှင် တဥိးက ဗုဒ္ဓဂယာကို ရောက်ခဲ့ဘူးရာ သူက ခက်မ ၅ ဖြာ နှင့် စည်ပင်နေသည့်
အမြင့်ပေ ၃၀ ရှိ ဗောဓိပင်ကြီးကို မြင်တွေခဲ့ပြီး ထိုဗောဓိပင် ၏ အသက်မှာ နှစ်တရာအိုမည်မထင်ဟု ဆိုခဲ့ပါတယ်
၁၈၇၅ ခုနှစ်၌ ဤဗောဓိပင် ဟာ တပင်လုံယိုရွင်နေသောကြောင့် ၁၉၇၆ ခုနှစ်၌ လေနီကြမ်း နှင့် လဲပါသွားခဲ့ပါတယ်
ထိုအပင်မှ အစေ့များကို ယူထားလိုက်သည့် အပြင် အခက်ကြီးတခက်ကို လည်း ထိုနေရာ၌ ပြန်လည်စိုက်ပျိုးခဲ့ပါတယ်
မည်သူစိုက်ပျိုးခဲ့တယ် ဆိုတာတော့ အတိအကျ မပါပါ။ ထိုအခိုင်မှ ပေါ်ထွန်းစည်ပင်လာခဲ့တဲ့ ဗောဓိပင်မှာ ယခု ရှိနေသည့် ဗောဓိပင် ဖြစ်ပါတယ်
မည်သို့ပင်ဖြစ်စေ လက်ရှိ ဗောဓိပင် သည် ဘုရားရှင် ပွင့်တော်မူခဲ့ရာ ဗောဓိပင်ကြီးမှ အဆက်အနွယ် ဖြစ်သည်ဟု မှတ်ယူရပါမည်။

ဘဝအတွက် မှတ်ကျောက်လွှာ

ဒုန်းဒုန်း  ဒက်ဒက်  ပုံးလုံး  ပက်လဲ့....။  
စစ်
ဘ၀ဆိုတာ   တိုက်ပွဲ     
တိုက်ပွဲမရှိတဲ့  ဘ၀ဟာ
သေတာနဲ့ ဘာမှ   မခြားဘူးလို့  အဆိုရှိတယ်.....၊။ 

ကြုံလာသမျှ   လောကဓံကို   
ရဲရဲရင့်ရင့်  တိုက်ခိုက်ခြင်းဟာ
ဘ၀ရဲ့စစ်မှန်တဲ့  အောင်ပွဲ ပါ။

ပြီးခဲတာတွေ  တွေးပြီးသောက  ဖြစ်နေမယ့်အစား
အနာဂါတ်အတွက် ဘယ်လိုဆောင်ရွက်သင့်တယ်
ဆိုတာကိုသာ စီမံကိန်းချပြီး    ဇွဲနဲ့ ဆောင်ရွက်ရမယ်။       ။

ကြောက်စိတ်ကို     တာဝန်သိစိတ်နဲ့  ကျော်လွှားရမယ်တဲ့
ကြုံလာတော့လည်း   ဘာတက်နိုင်မှာတုန်း  ကြံကြံခံရုံပဲပေါ့ ။     ။   
လူတစ်စု     ပူမှုရယ်တဲ့   ဆယ်ကုဋေပေါ့။ 

သူများပြောတိုင်း  နင်မပြောနဲ့  
ပြောသည်အခါ   ဆင်ခြင်တရား 
လွန်စွာထား၍  ပီယဝါစာ 
အစဉ်ပါမည်   နင်လေသတိထား။     ။

ဗုဒ္ဓစကား နေ့ စဉ်ကြားက
စိတ်ထားမွန်မြတ်  သိမြင်တက်၏။

ဗုဒ္ဓပွင့်ရာ ဤနေရာမှာ 
သေရာလွတ်ကြောင်း  ကုသိုလ်ကောင်းကို
ကာလယူကာ  ပြုခဲ့ပြီး။    ။

ဗုဒ္ဓပွင့်ရာ ဤနေရာမှာ 
သူတော်စိတ်ဓါတ် အကျင့်မြတ်ကို 
ငါလေဆောက်တည်ခဲ့ပြီ။     ။

ဗုဒ္ဓပွင့်ရာ  ဤနေရာမှာ 
ရုပ်နာမ်တရား ခါခါပွား၍ 
ချမ်းသာရာမှန်း မဂ်,ဖိုလ်,လမ်းသို့  
ငါလျှောက်လှမ်းခဲပြီးတကား။    ။

ဗုဒ္ဓပွင့်ရာ ဤ နေရာမှာ (ဖွား,ပွင့်,ဟော,စံ)
ထွန်းလင်းသာသနာ ဤချိန်မှာကား 
သေရာလွတ်ကြောင်း ကုသိုလ်ကောင်းကို 
စုပေါင်းရွှင်ပြ  ပြုလုပ်မှသာ
ဗောဓိနိဗ္ဗာန်ရောက်မည်တည်း။      ။

အရင်လူတွေက စွန့် ပြိးမစားခဲဘူး
အခုလူတွေက မစွန့် ဘဲ စားကြတယ်။      ။



Friday 26 August 2011

အထွေထွေ

ပိုမိုလှပသောအနာဂါတ်ကို၊  ဖန်တီးနိုင်ဖို့အတွက်   မျိုးဆက်သစ်တိုင်းမှာ  တာဝန်ရှိတယ်....။
ကိုယ့်ကုသိုလ်က ကိုယ့်ဘ၀ မုချမြင့်အောင် မြှင့်လိမ့်မည်.....။
  
အကုသိုလ်က ကိုယ့်ဘဝ
မုချနိမ့်အောင် နှိမ့်လိမ့်မည်...။

ဖြစ်ပြီးအဟောင်း စိတ်ဓာတ်ကြောင်းကို
ပြန်ပြောင်းစဉ်းစား မညည်းထွားနဲ့...။

နောင်ခါဖြစ်လတ် အနာဂတ်ရဲ့
ဇာတ်ကြောင်းတွေးတော စိတ်မမောနဲ့...။

ဖြစ်ဆဲဧကန် ပစ္စုပ္ပန်ကို 
ဝေဖန်ဥာဏ်ရှု မျှတမှုဖြင့် 
ပူမှုကင်းစွာ နေစမ်းပါလော့...။

မြေမြတ်နေရာ

မြေမြတ်နေရာ ဤဂေဟာမှာ၊
သေရာလွတ်ကြောင်း ကုသိုလ်ကောင်းကို၊
ကာလယူကာ ပြုခဲ့ပြီ်...။

မြေမြတ်နေရာ ဤဂေဟာမှာ၊
သူတော်စိတ်ဓာတ် အကျင့်မြတ်ကို၊
ငါ့လေ ဆောက်တည်ခဲ့ပြီ...။

မြေမြတ်နေရာ ဤဂေဟာမှာ၊
ဝိပဿနာ  ခါခါပွား၍၊
ချမ်းသာရာမှန်း မဂ်ဖိုလ်လမ်းသို့၊
ငါ့လေလျှောက်လှမ်းခဲ့ပြီ....။


ဤသည့်စုပေါင်း အကြောင်းကောင်းကြောင့်၊
ချမ်းမြနိဗ္ဗူ ဘေးမဆူသည့် ၊
နိဗ္ဗာန်နန်းသို့ ရောက်စေသော်...။

မြေမြတ်ဖြစ်ရာ ဤနေရာမှာ၊
သေရာလွတ်ကြောင်း ကုသိုလ်ကောင်းကို၊
စုပေါင်းရွှင်ပြ ပြုလုပ်မှသာ၊
မဂ်ဖိုလ်နိဗ္ဗာန် ရောက်မည်တည်း.......။
                                           တောဘုန်းကြီး

Thursday 25 August 2011

the guide of life


If you want to attain progress , to success in your whole life, to get happy and peaceful,
you should follow the following 38 principles of life.
1.Avoid fools bad character.
   အကျင့်စာရိတ္တမကောင်း လူမိုက်တွေကို ဝေးဝေးရှောင်ပါ...။
2.Associate with the wise.
   ပညာရှိလူတော်လူကောင်းနဲ့ပေါင်းပါ...။
3.Honour to honourable.
   ပူဇော်ထိုက်သူကိုပူဇော်ပါ...။
4.Live where virtue, wealth, knowledge  are available.
  သင့်လျော်တဲ့ ကုသိုလ်ဥစ္စာပညာရမည့်နေရာတွင်နေထိုင်ပါ...။
5.Do wholesome deeds before.
   အရင်ကကုသိုလ်တွေကို ပြုလုပ်ပါ...။
6.physically health, do good in mind.
  ကျန်းမာအောင်နေပြီး စိတ်ကောင်းလည်းမွေးပါ...။
7.Try to get vast knowledge and learning.
   အကြားအမြင်များအောင်ဗဟုသုတတိုးပွားအောင် ကြိုးစားပါ...။
8.Learn a job to work for an earning livelihood.
   အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုကို တတ်အောင်သင်ပါ...။
9.Follow descipline all your action.
   စည်းကမ်းရှိရှိသွားလာနေထိုင်ပါ...။
10.Speak truthfully and gently.
   မှန်မှန်ကန်ကန် ယဉ်ကျေးပြောဆိုဆက်ဆံပါ...။
11.Support and look after father and mother.
   မိဘနှစ်ပါးကိုပြုစုစောင့်ရှောက်ပါ...။
12.Support wife and children:  instruct your children.
   သားမယားကိုပြုစုထောက်ပံ့ပါ။သားသမီးတွေကိုလိမ္မာအောင်သွန်သင်ပါ...။
13.Follow blameless business occupation. 
   အပြစ်ကင်းသောစီးပွားရေးကိုလုပ်ပါ...။
14.Give alms, help as mush as possible.
   တတ်နိုင်သမျှစွန့်ကြဲပေးကမ်းလှုဒါန်းပါ...။
15.Do wholesome deeds,not to destroy character.
   သုစရိုက်တရားကျင့်ပါ။ကိုယ့်ကျင့်တရားကိုမပျက်ပြားစေနဲ့...။
16.Support relatives.
   ဆွေမျိုးများကိုထောက်ပံ့ကူညီပါ...။
17.Do public welfare service voluntarily.
   လူထုအကျိုးပြုလုပ်ငန်းကို ၀ိုင်းဝန်းကူညီဆောင်ရွက်ပါ...။
18.Avoid thinking evil.
   မကောင်းမှုတွေကိုမတွေးပါနဲ့...။
19.Avoid bad speech, bad deeds.
   မကောင်းတဲ့စကားမပြောနဲ့... မကောင်းတဲ့အလုပ်ရှောင်ပါ...။
20.Avoid liquor, harmful drugs.
   အရက်သေစာမသောက်နဲ့...မူးယစ်ဆေးမသုံးစွဲနဲ့...။
21.Do not forget good deeds.
   ကုသိုလ်တွေလုပ်ဖို့မမေ့နဲ့...။
22.Give respect to Bikkhus, parents, teacher, and elders.
   ရဟန်းသံဃာ..မိဘ...ဆရာ...လူကြီးများကို ရိုသေပါ...။
23.Do not be prideful.
   ဘ၀င်မမြင့်ပါနဲ့...။
24.Be satisfied easily with the wage and job you do.
   ရှိတာလေးနဲ့ရောင်ရဲတင့်တိမ်ပါ...။
25.acknowledge gratitude: repay gratitude.
   သူ့ကျေးဇူးကိုသိပါ..ပြန်လည်ပေးဆပ်ပါ...။
26.Listen the correct Dhamma at suitable time, read Dhamma books
     discuss Dhamma.
   သင့်လျော်တဲ့အချိန်မှာ တရားဆွေးနွေးပါ..ဖတ်ပါ..နားထောင်ပါ...။
27.Be patient, 
   အရာရာမှာသည်းခံပါ...။
28.Obey the instructions of parents, teacher and elders.
   မိဘဆရာလူကြီးတို့ရဲ့စကားကို လိုက်နာပါ...။
29.Go near to good wise persons to worship.
   သူတော်ကောင်းများထံတွေ့ဆုံဖူးမြော်ပါ...။
30.Take examples, methods from them, discuss them.
   အခါအားလျော်စွာ ဓမ္မစကားကိုဆွေးနွေးပါ...။
31.Control eye,ear,nose,tongue,bodily faculties or senses.
   မျက်စိနားနှာ...လျှာကိုယ်စိတ်...ကိုအလိုမလိုက်နဲ့...။
32.Cultivate four divine abiding high minds.
   ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားပါ...။
33.See everything with truthful eye, wisdom eye.( the four noble of truth)
   သစ္စာလေးပါးတရားကိုမြင်ကိုကျင့်ပါ....။
34.Do to get Nibbana. practise Vipassana daily.
   နိဗ္ဗာန်ရဖို့ရန် နေ့စဉ်ဝိပဿနာကိုအားထုတ်ပါ...။
35.To attain Noble state, be patient with good and evil.
   လောကဓံကိုသည်းခံနိုင်အောင်ကြိုးစားပါ...။
36.Be life free from danger or harm by vipassana meditation.
   ဘ၀လွတ်မြောက်ရေး...သောကကင်းဝေးရေး..၀ိပဿနာအားထုတ်ပါ...။
37.Be peaceful in mental and spirit spheres by vipassana.
   ကိလေသာမြူမ၀င်ထာဝရ မျက်စိကြည်လင်အောင် ၀ိပဿနာအားထုတ်ပါ...။
38.To get freed in from death let us meditate by vipassana.
  သေဘေးလွတ်ရန် နိဗ္ဗာန်ရဖို့...၀ိပဿနာအားထုတ်ကြစို့....။
၃၈-ဖြာမင်္ဂလာတရားကို.....ဤကမ္ဘာ့တစ်ခုလုံး ပြန့်ပွားပါစေ....

မြင့်မိုရ်ဥိး...သို့


ဤလောကမှာ...
“ဖယောင်းတိုင် ”လေးတွေဟာသူတကာကိုအလင်းရောင်ပေးပြီး
ကိုယ်တိုင်မှာတော့ အရည်ပျော်ကျယင်းဘ၀နိဂုံးအဆုံးသတ်ရတယ်။

“အမွှေးတိုင်”လေးတွေဟာသူတကာကိုမွှေးရနံ့ပေးပြီး
ကိုယ်တိုင်မှာတော့ပြာကျယင်း ဘ၀နိဂုံးသတ်ရတယ်။

“သနပ်ခါးတုံး”လေးတွေဟာ သူတကာကိုချောမွေ့လှပစေပြီး
ကိုယ်တိုင်မှာတော့လုံးပါးပါးယင်း ဘ၀နိဂုံး အဆုံးသတ်ရတယ်။

“ကျေးဇူးကြီးမားတဲ့မိဘဆရာသမားတွေ”လည်းဒီလိုပါပဲ
ဖြူစင်တဲ့မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့
ဗြဟ္မစိုရ်တရားတွေရင်မှာပွားလို့
သားသမီးတပည့်တို့ရဲ့ဘ၀တင့်တယ်လှပအောင်
အမျိုးမျိုးပြုစုစောင့်ရှောက်ပြီး
ကိုယ်တိုင်မှာတော့တရွေ့ရွေ့အိုမင်းရင့်ရော်ယင်းနဲ့
ဘ၀နိဂုံးအဆုံးသတ်ကြရရှာတယ်။