ခေတ်အဆက်ဆက်က ဟိုး...သက္ကရာဇ်များစွာထဲက လူတွေပြောခဲ့ကြတယ်။
သူက...ကျောက်ရိုင်းတွေကို တန်ဖိုးတင့်အောင် သွေးနိုင်တဲ့ ကျော်သွေးဆရာတဲ့။သူက...ပန်းများကို မွှေးရနံ့တွေနဲ့ ဖူးပွင့်စေနိုင်တဲ့ ဥယျာဉ်မှုးတဲ့။
သူက...အမှောင်ကိုခွင်း အလင်းကို ဆောင်ကြည်ပေးတဲ့ အလင်းတိုင်တဲ့။
သူက...ဓားတွေထက်ဖို့ အပါးခံပြီး အသွေးခံတဲ့ ဓားသွေးကျောက်တဲ့။
သူက...အိုးကောင်းကောင်းတွေရအောင် ကျွမ်းကျင်စွာ ဖုတ်နိုင်တဲ့ အိုးထိန်းသည်တဲ့။
သူက...ဘုရင်သူရဲကောင်း သြွူကွယ် ကုန်သည်စတဲ့ လူတန်းစားအသီးသီးတို့ရဲ့ ဗိသုကာတဲ့။
သူက...တပည့်မရှား တစ်ပြားမရှိ ပီတိစားပြီး လောကကို အလှဆင်သူတဲ့။
သူက...တည်ငြိမ်တဲ့ အပြုံးနဲ့ နှလုံးသား ပြည့်ဝသူတဲ့။ဘယ်လိုပဲသူ့ကို တင်စားတင်စား မြောက်များစွာသော စကားသာကုန်သွားမယ်ထပ်တူပြုလို့ မရဘူးဆိုတာ အားလုံးလက်ခံကြတယ်....။
သူကတစ်ခြားမဟုတ်ဘူး မိုင်ပေါင်းကုဋေကို ခရီးရောက်ဖို့ ပထမခြေလှမ်းကို စလှမ်းပေးတဲ့ တို့အားလုံးတို့ရဲ့ မြတ်ဆရာပဲပေါ့....။ မောင်သုရဲ့ကဗျာ
No comments:
Post a Comment